ကျမ ကောလိပ်လေးရဲ့ ပုရ၀ိုဒ်ကို သူများတွေကို ပြောပြ ချင်တယ်လေ။ ဒီလို ပြောပြနေရင် ငြီးငွေ့ပြီး အိပ်ပျော် သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီ ဗွီဒီယိုလေးက ကြည့်လိုက်ပါ။ ပိုပြီး စိတ်ဝင်စား စရာလေးတွေကို အချိန်တိုတို အတွင်းမှာ ပြောပြ သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Miriam College က ဘာလဲဆိုတာ ကြည့်ရအောင် သူငယ်ချင်းတို့ရေ။
Friday, July 17, 2009
Tuesday, July 7, 2009
Miraim College အကြောင်းသိကောင်းစရာ - အပိုင်း ၁
Miriam College စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
ကျွန်မရဲ့ကျောင်းတော်ကြီး Miriam College စတင်ဖြစ်ပေါ်လာပုံကို ပြော ရမယ်ဆိုရင် ၁၉၂၆ ခုနှစ်ကို ပြန်ပြောင်း ကြည့်ရမှာဖြစ်တယ်။ အဲဒီနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ Archbishop Reverend Michael O'Doherty က နယူးယောက်မြို့မှာရှိတဲ့ Maryknoll Congregation က သာသနာပြု sisters တွေကို သူ့နိုင်ငံမှာ ဆရာအတတ်သင် သင်တန်း အစီအစဉ်ပို့ချဖို့ တောင်းဆိုထားတာကနေ စတယ်လို့ ပြောရပါမယ်။ ဒီလိုနဲ့ပဲ Malabon Normal School ဆိုတဲ့ကျောင်းအမည်နဲ့ စတင်ပေါ် ပေါက်လာပါတယ်။ ၁၉၅၂ ခုနှစ် မတိုင်ခင်မှာ ကျောင်းဟာ နေရာအတည် တကျမရှိပဲနဲ့ နေရာအတော်များများကို ပြောင်းရွှေ့နေရပါတယ်။ ဒါပေမယ့် ၁၉၅၂ ခုနှစ် နောက်ပိုင်းမှာ Quezon City မှာရှိတဲ့ Diliman သို့မဟုတ် Loyola Heights လို့ အမည်ရတဲ့ နေရာမှာ အခြေတည် အုတ်မြစ်ချခဲ့ ပါတယ်။
နှစ်ရှည်လများစွာ အခြေတည်ပြီးနောက်ပိုင်းမှာ ကျောင်းတော်ကြီးဟာ ဖွံဖြိုးတိုးတက်လာခဲ့ပါတယ်လို့ ဆိုရပါမယ်။ ကျောင်းတော်ကြီး ဖွံဖြိုးတိုးတက် လာတာနဲ့အမျှ program တွေကိုဆက်လက်တိုးချဲ့ခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ အမျိုးသမီး ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးဖို့ပဲဖြစ်တယ်။ ဒီလိုနဲ့ပဲ Maryknoll College (ယခု Miriam College) လို့ လူသိများလာခဲ့ရပါတယ်။ ပညာရည်ထူးချွန်သော၊ တစ်ဦးချင်း စွမ်းရည်မြင့်မားသော၊ ပရဟိတ စိတ်ရှိသော၊ အပြန်အလှန် လူမှုပေါင်းသင်း ဆက်ဆံမှု စွမ်းရည်ရှိသော ကျောင်းသူများအား မွေးဖွားပေးရာ ကျောင်းတော်အဖြစ် အောင်မြင်စွာ အသိအမှတ်ပြုခံရတဲ့ကျောင်းတစ်ကျောင်း ဖြစ်လာပါတယ်။ ထို့အတူ ကျောင်းသူဦးရေ၊ program များ၊ ၀န်ဆောင်မှုများတိုးပွားလာပြီး ကျောင်းဂုဏ်သိက္ခာမြင့်မားတဲ့ ကျောင်းတစ်ကျောင်း လည်းဖြစ်ပါတယ်။
ဘွဲ့ရပြီးသော ကျောင်းသူလေးများဟာ သက်ဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ် အသီးသီးမှာ တာဝန်ထမ်း ဆောင်နေကြပါတယ်။ ဥပမာ-အစိုးရ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေ သော ခေါင်းဆောင်များ၊ ပညာရှင်များ၊ ၀န်ကြီးအဖွဲ့ဆိုင်ရာ အတွင်းရေးမှုးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နှင့် နိုင်ငံတော် ဥပဒေများ ရေးဆွဲရေးဆိုင်ရာ လုပ်ကိုင်နေသူများပဲ ဖြစ်ပါတယ်။ ဒီကျောင်းသူဟောင်း အမျိုးသမီးများ ထဲက ထူးချွန် ပြောင်မြောက်သော အမျိုးသမီး အချို့ကို ရွေးချယ်ပြီး TOWNS (The Outstanding Women in the Nation's Service) awardees ဆုကို ချီးမြှင့်လေ့ရှိပါတယ်။
Subscribe to:
Posts (Atom)